Author Archives: Hlaing ChoOo
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီအချိန်ခန့်တွင် သီပေါမြို့နယ်၊ ကျင်သီးကျေးရွာအုပ်စု၊ တွန်ဆောက်ကျေးရွာ၌ ပြောင်းစိုက် ခင်းသို့သွားစဉ် လက်လုပ်မိုင်းအား နင်းမိပြီး ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တိတိအား (၅-၂-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၂) ရက်နေ့၊ (၁၁း၀၀) နာရီ အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည် ကျေးရွာ တွင် ရေးရှားတောစခန်းအနီး၌ လွှတ်ထားသော ကျွှဲများအား သွားရောက်မောင်းနှင်စဉ် တက်နင်းသွာ မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၂၈-၁-၂၀၂၂)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_jan2022 Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးတွင် (၁၉-၁-၂၀၂၂) ရက်နေ့၊ (၂၃:၁၉) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာတို့အား (၂၁-၁-၂၀၂၂) ရက်နေ့ (၁၄း၁၅) နာရီအချိန်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ လဟယ်မြို့နယ်ကျေးရွာ (၃)ရွာရှိ အိမ်ထောင်စု (၂၀၂)စုမှ လူဦးရေ (၁၃၉၂)ဦးတို့အတွက် လိုအပ်သောအဝတ်အထည်များနှင့် ဆန်ရိက္ခာဖိုး (၁)လစာ (၁၂,၅၂၈,၀၀၀/-) ကျပ်တို့အား (၁၆-၁-၂၀၂၂)ရက်နေ့ ဝန်ကြီးချုပ်၏ နာဂဒေသခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆွေးနွေးတင်ပြခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးစိုးလှိုင်သည် (၁၇-၁-၂၀၂၂ ) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၃၀)နာရီအချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့(မြို့တော်ခန်းမ)၌ ကျင်းပပြုလုပ်သော စစ်ကိုင်းခရိုင်အတွင်း သဘာဝဘေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်၍ သဘာဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆွေးနွေးတင်ပြခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၂/၂၀၂၂)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရေခိုး၊ ရေငွေ့ပါသည့်လေများ တိုက်ခတ်လာခြင်းကြောင့်လည်းကောင်း (၁၄.၁.၂၀၂၂)ရက်နေ့မှ (၁၉.၁.၂၀၂၂)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၂)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေ လှိုင်းများ၏အရှိန်ကြောင့် (၁၁.၁.၂၀၂၂)ရက်နေ့မှ (၁၅.၁.၂၀၂၂) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် … Read more
-
တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ တဘူး ရေသိုးကျေးရွာအုပ်စု၊ ငှက်ဆိုးကွင်း၊ တောခေါင်းစုကျေးရွာ၌ (၃၀-၁၂-၂၀၂၁) ရက်နေ့၊ (၀၅း၀၀) နာရီအချိန် တွင် နေအိမ်ရှေ့ခြံဝင်းအတွင်းသို့ တောဆင်ရိုင်း (၁)ကောင်၀င်ရောက်၍ တက်နင်း သွားမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၅-၁-၂၀၂၂) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ မြဝတီမြို့နယ်၊ မဲ့ထော်သလေးကျေးရွာအုပ်စုမှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့စခန်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အရန်မီးသတ်တပ်ဖွဲ့အိမ်ထောင်စု (၁၅) စုမှ ကျား (၃၀)ဦး၊ မ (၃၁)ဦး စုစုပေါင်းလူဦးရေ (၆၁) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၈,၁၀၀) ကျပ်နှင့် Mask များအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ (၂၇-၁၂-၂၀၂၁) ရက်နေ့(၁၄း၀၀) နာရီအချိန်တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #krn_dec2021 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တောင်ငူမြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁၂-၂၀၂၁) ရက်နေ့၌ တောင်ငူမြို့နယ်အဆင့် ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Simulation Exercise In Taungoo) ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ ဥက္ကဌနှင့် မြို့နယ်စီမံရေးအဖွဲ့ အဖွဲ့ဝင် ၁ တို့မှ အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းကို တပ်မတော်၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း (၄၅) ဦး တက်ရောက် ဆောင်ရွက်ခဲ့ကြပါသည်။ ငလျင်ဘေးအန္တရာယ် … Read more
