Author Archives: Hlaing ChoOo

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၂၂)ရက်နေ့ (၀၇း၁၀) အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်၊ ကွေ့ချောင်းရွာမ လမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုပင်အမြစ်ပွလဲရာမှ တစ်စိတ်တစ်ပိုင်း ပျက်စီး လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၃၀ဝ/-)ကျပ်တို့အား (၃-၁၀-၂၀၂၂)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ် ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၂) ရက်နေ့၊ (၁၃:၀၀)နာရီချိန်တွင် အခြေခံပညာအလယ်တန်းကျောင်း (တောရ)၌ ဆရာ/ဆရာမ၊ ကျောင်သား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်တို့အား သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေလုပ်သား(၁) ဦးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြန်မာ့ဆိပ်ကမ်း၊ ရေကြောင်း ဌာန၊ ရေယာဉ်ငယ်ဌာနခွဲသို့ ရောက်ရှိ‌လာသော ရေလုပ်သား (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ) ၊ ခရီးစရိတ်နှင့် နေ့တွက်စရိတ် စုစုပေါင်း (၁၆,၀၀၀/-) ကျပ် တို့အား (၃-၉-၂၀၂၂) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2022 … Read more

  • ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃၀-၈-၂၀၂၂)ရက်နေ့(၁၃း၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး  ကမ်းပါးပြိုကျမှုကြောင့်  ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-)ကျပ်တို့အား (၃၁-၈-၂၀၂၂) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_aug2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့ ရုံး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့် ပတ်သည့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်း လုပ်ငန်းများအား (၃၀-၈-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှာ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကမာကေး) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူး​ကျေးရွာအုပ်စု၊ ကျုံကူး​ကျေးရွာ၌ (၁၀-၈-၂၀၂၂) ရက်​နေ့၊ (၁၀:၀၅)နာရီအချိန်၌ ရုတ်တရက်​လေပြင်းတိုက်ခတ်၍ ကုက္ကိုလ်ပင်လဲကျမှု​ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​နေအိမ် (၃)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၂၀,၀၀ဝ/-)ကျပ်နှင့် ​ဘေးသင့်အိမ်​ထောင်စု (၃)စုမှ လူဦး​ရေ (၁၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၂၇,၃၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၄၇,၃၀ဝ/-) ကျပ်တို့အား (၁၁-၈-၂၀၂၂)ရက်​နေ့၊ (၁၂:၅၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​ရှေ့​မှောက်၌  ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၈-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်အထိ မအူပင်မြို့၊ အ.ထ.က (၂)ကျောင်း၌ ​ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး စုစုပေါင်း (၁၁၅)ဦးတို့အား ကြိုတင်ကာကွယ်သဘာ၀ဘေးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိ ပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ​ပေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ် အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်နေအိမ်နှင့် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ​ချောင်း၀​ကျေးရွာအုပ်စု၊ ​ချောင်း၀​ကျေးရွာ၊ သရက်​တောပိုင်းရပ်ကွက်၌ (၈-၈-၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် အုန်းပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၅၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)၊ စုစုပေါင်း​ထောက်ပံ့​ငွေ (၆၂,၆၀ဝ/-) ကျပ်နှင့် ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ​ဖောင်ဒိုး​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာ၌ (၉-၈-၂၀၂၂) ရက်​နေ့၌ ​တောဆင်ရိုင်း​ဘေး​ကြောင့် ပျက်စီးခဲ့​သော တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ​​​ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာ၌ (၁-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)  စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-)ကျပ်တိတိနှင့် Surgical Mask (၆)ခုတို့အား (၅-၈-၂၀၂၂)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင်‌ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events