လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၁၁-၂၀၂၅) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု(အင်ကြင်းစု၊ ဖက်တဲကုန်း၊ ဖြုတ်ကုန်း) ကျေးရွာများ၊ ဥယျာဉ်ကျေးရွာအုပ်စု (ဆင်တဲကြီး(တ)ဆင်တဲကြီး(မ)) ကျေးရွာများနှင့် ဇီးကုန်ကျေးရွာအုပ်စု၊ ကုလားရွာကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည် နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_nov_2025
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး