လှိုင်းဘွဲ့မြို့နယ်၊ ဝင်းစိန်ကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ်၊ ဝင်းစိန်ကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ် (၉) မျိုးလက်ကမ်းစာစောင်များဝေငှခြင်း၊ ငလျင်ဘေးဗီနိုင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌kyn_nov_2025

Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events