လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ် (၈/၂၀၂၅)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ် (၈/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ် (၈/၂၀၂၅)

၁။      ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဖြတ်ကျော်လျက်ရှိသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။

၂။       ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်းခန့်မေဂီ(KALMAEGI)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။

Sign Up

Upcoming Events