ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၁-၂၀၂၅)ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍  ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ် ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_nov_2025

Source:   လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events