လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၅)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေး ရွာအုပ်စု၊ ကုလားစုကျေးရွာတွင် တောဆင်ရိုင်း၀င်ရောက်ဖျက်စီးမှုကြောင့် အိမ်ခြေ (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ သေဆုံး (၁)ဦး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးတို့အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၀၀၀/-)၊ စုစု ပေါင်းထောက်ပံ့ငွေ (၃၇၅,၀၀၀/-) အား (၁၇-၇-၂၀၂၅)ရက်နေ့ (၁၂:၃၀) အချိန်တွင် ပြည်သူများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ygn_july_2025
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)