မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုဒန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းအမှတ်(၈၆)၌ (၁၄-၈-၂၀၂၂) ရက်နေ့ (၂၃:၁၀)အချိန်တွင် ပလက်ခုံမှတစ်ဆင့် အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်(၂)လုံးနှင့် တိုက်ခန်း(၅)ခန်းတို့ မီးဘေးသင့်ခဲ့မှုကြောင့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စုစာတို့အား (၁၆-၈-၂၀၂၂)ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#ygn_aug2022

Sign Up

Upcoming Events