ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတို့တွင် (၁၀-၈-၂၀၂၂)ရက်နေ့နှင့် (၁၁-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရ သော နေအိမ်(၁၈)လုံး လူဦးရေ(၉၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁,၈၀၀,၀၀၀/-)နှင့် ဆန်ရိက္ခာရန်ပုံငွေ (၂၀၁,၆၀၀/-)စုစုပေါင်းထောက်ပံ့ငွေ(၂,၀၀၁,၆၀၀/-)အား (၁၁-၈-၂၀၂၂)ရက်နေ့တွင်  ဝါးခယ်မမြို့နယ်၊ ရွှေလောင်း မြို့၊ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#aya_Aug2022

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events