သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၈-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်အထိ မအူပင်မြို့၊ အ.ထ.က (၂)ကျောင်း၌ ​ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး စုစုပေါင်း (၁၁၅)ဦးတို့အား ကြိုတင်ကာကွယ်သဘာ၀ဘေးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိ ပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ​ပေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ် အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2022

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events