COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ နတ်ကုန်းကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၊ လှာကာစံပြကျေးရွာ၊ ကူးဆိပ်ကျေးရွာ၊ ဘားပုကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ခဲတောက်ကျေးရွာ၊ မုက္ကဒိကျေးရွာနှင့် ထွန်းလှကုန်းရပ်ကွက်များသို့သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Mask များနှင့်ဗီနိုင်းများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep_2021
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events