လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ကယ်ဆယ်ရေးရပ်၊ လူနေအိမ်(တစ်စိတ်တစ်ပိုင်းပျက်စီး)(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၄,၁ဝဝ) ကျပ်တို့ကို (၁၆-၆-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရိအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထမ္မရာဇ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#rke_jun2021

Sign Up

Upcoming Events