လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ဇွန် (၁၅) ရက်နေ့၊ နံနက် (:၀၀) နာရီ                                                          နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလတွင် ပထမဆုံးဝန်ကြီး ဌာနအဆင့် မျက်နှာစုံညီတက်ရောက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ကြား ကာလ အစိုးရအနေဖြင့် အရေးပေါ်ကာလအတွင်း ၂၀၂၀ ပြည့်နှစ် မဲစာရင်းများမှန်ကန်ရေး စစ်ဆေးခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး ပန်ခင်းစီမံချက်ဖြင့်   အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်နေကြောင်း၊ မူဝါဒအနေဖြင့် (၂) နှစ်ထက်မပိုသောကာလအတွင်း ရလာဒ်ထွက်မည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကြားကာလ အစိုးရအနေဖြင့် နောက်တက်လာမည့် အစိုးရအတွက် လမ်းခင်းပေးသည့်အနေဖြင့် ပြင်ဆင် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် သက်ဆိုင် သည့် ကော်မတီများ ပြန်လည်ဖွဲ့စည်းလျက်ရှိရာ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဆက်လက်ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ COVID- 19 ကြောင့်ရပ်တန့်နေသည့် လုပ်ငန်းများ၊ သင်တန်းကျောင်းနှင့် အခြားရပ်နားထားသည့် လုပ်ငန်းများ ပြန်လည်စတင်ရန်လိုကြောင်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတို့နှင့် ပတ်သက်၍ အစီရင်ခံစာပေးပို့ရန်၊ အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော်ရန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေပြီ ဖြစ်သည့်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့်  မူကြိုကျောင်းများကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအား ရပ်နားထားရာ စီမံချက် ရေးဆွဲလျက်ရှိပြီး ပြန်လည်၍ စတင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်ကျနှင့် ရီမန်ကလေးများကို လူငယ်သင်တန်းကျောင်းများတွင် လက်ခံနိုင်သည့် အင်အားထက် ကျော်လွန်လက်ခံထားရသည့် အခြေအနေများ တွေ့ရှိရပါကြောင်း၊ ၎င်းကလေးသူငယ်များ၏ အမူအကျင့်အလိုက် ကျောင်းသတ်မှတ် ပို့ဆောင်နိုင်ရေး၊ ပြစ်ဒဏ်ကာလကြာမြင့်နေသော ကလေးသူငယ်များအား တရားရုံးကိစ္စများ အမြန်ပြီးပြတ်စေရေး စီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူငယ် သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းထက် ပြစ်ဒဏ်ကျ ကလေးသူငယ်များ နည်းပါးစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့် အတွက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အလိုက် ကော်မတီများ ဆက်လက် ဖွဲ့စည်းနိုင်ရေးနှင့် လက်ရှိအစိုးရ၏ မူဝါဒအရ မိမိတို့ဦးစီးရာဒေသမျာ၌ အားကစားကဏ္ဍများတွင် လူငယ်များပါဝင်လာစေရေး ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာဥပဒေပါ ကလေးမွေးစားခြင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်နိုင်ရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ထုတ်ပြန်နိုင်ရေး၊ သက်ကြီး ရွယ်အိုများဆိုင်ရာနည်းဥပဒေ(မူကြမ်း)ရေးဆွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများတွင် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြား ပေးလျှက်ရှိရာ ၎င်းကျောင်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ဝင်စေရေး စီပွားရေးအမြင်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှုနှင့် သဘာဝဘေးထောက်ပံ့မှုများအတွက် ပစ္စည်းဝယ်ယူမှုများတွင် ငွေသားအခက် အခဲကြောင့် Bank Transfer ဖြင့် လွှဲပြောင်းပေးလျှက်ရှိရာ ပြည်သူများထံသို့ ချက်ချင်းမရောက် နိုင်သည့်အတွက် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ Bank Transfer ဖြင့် ဆောင်ရွက်နိုင် ရေး စီစဉ်သွားရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများနှင့် ဖြစ်ရပ်စီမံခန့်ခွဲမှုများကို ယခုထက်ပိုမို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် လူမှုရေးရာသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်နှင့် စာရင်းအင်းမှန်ကန်ခြင်း ဖြင့် မူဝါဒများတိကျမှန်ကန်နိုင်ကြောင်း၊  မိမိတို့ကြားကာလအစိုးရတာဝန်ယူသည့်ကာလ အတွင်း သိသာပေါ်လွင်သောရလဒ်ကောင်းတစ်ခုအဖြစ် လူမှုရေးပညာတက္ကသိုလ်တစ်ခု တည်ထောင် ဖွင့်လှစ်နိုင်ရန် မြေနေရာရရှိထားပြီဖြစ်ပြီး သင်ရိုးညွှန်းတမ်းပြုစုရေး မိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အလိုက် စံပြမူလတန်းကြိုကျောင်းများ နှစ်စဉ် တို့ချဲ့ဖွင့်လှစ်ရန် မြေနေရာရရှိရေး ဒေသအာဏာပိုင်များနှင့် ပူးပေါင်း‌ဆောင်ရွက်သွား စေလို ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် ဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ထောက်ပံ့မှုတွေကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၁)အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့် (၂၀၀၉)ကို ပြန်လည်သုံးသပ်ပြီး ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်ရေးနှင့် သဘာဝဘေး အလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အဆင်သင့်ဖြစ်စေရန် ပြန်လည်စိစစ်ရေးဆွဲရန်ဖြစ်ကြောင်း၊ မုန်တိုင်း နှင့် ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုများကို အဆင့် အလိုက် ခွဲခြား၍ စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သိုလှောင်ရုံများတွင် စီမံခန့်ခွဲထိန်းသိမ်း မှုစနစ်အတွက် Software ဝယ်ယူအသုံးပြုနိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းရှိ Quarantine ထားရှိသည့် အဆောင်နှင့် သင်တန်းဖွင့်လှစ်နိုင်မည့် အဆောင်တို့အား သတ်မှတ်ပြီး သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စတင်ဆောက်လုပ်နေဆဲ အဆောက်အဦများ ရေရှည်တည်တံ့ကောင်းမွန်ရေး အလေးထားကြီးကြပ်ဆောင်ရွက် စေလို ကြောင်း၊ မြေနေရာ အကျယ်အလိုက် အဆောက်အဦများ မဆောက်လုပ်မီ Master Plan ရေးဆွဲထားစေလိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ အဆောက်အဦနေရာချန်လှပ်ပြီး သစ်ပင်များစိုက်ပျိုးစေလိုကြောင်း၊ မသန်စွမ်းသူများ ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ အချက်အလက်မှားယွင်းမှု၊ စာရင်း ထပ်နေမှုများ မဖြစ်အောင် ရရှိသည့်စာရင်းဇယားများကို Data Cleaning လုပ်ရန်လိုကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာ သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်သို့ စာရင်းပေးသွင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မသန် စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့်ပတ်သတ်၍ မျက်မြင်အားဖြင့် သိနိုင်သော အဆင့်(၁) သတ်မှတ်ခြင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စီမံချက်ချမှတ် ဆောင်ရွက်ရန်လိုကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ရေးဆွဲပြီး အတည်ပြု၍ မိတ်ဆက်ဖြန့်ချိနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ် ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနများရှိ ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက် ချက်များအား အောက်ခြေအဆင့်ထိ သိရှိစေရေး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနရုံးချုပ်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သကဲ့သို့ မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်မှာလည်း ဒေသဆိုင်ရာ အာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ လူမှုရေးလုပ်ငန်းများနှင့် လူသားချင်း စာနာထောက်ထားကူညီမှုလုပ်ငန်းများတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဦးဆောင် ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အခက်အခဲများကြားမှာ ဝန်ကြီး ဌာနလုပ်ငန်းတာဝန်များ မလစ်ဟင်းအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ သင်တန်းကျောင်းများတွင် ဝန်ထမ်းအင်အားနည်းသော်လည်း ပြစ်ဒဏ်ကျကလေးများသည့် အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်နေရသည်များကို တွေ့ရှိရကြောင်းနှင့် ကြိုးပမ်းဆောင်ရွက် လျှက်ရှိသည့် ဝန်ထမ်းများကို ဒေသအခြေအနေပေါ်မူတည်၍ ချီးမြှင့်မှုများဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ဌာနအလိုက် ရေရှည်၊ ရေတို၊ နှစ်လတ် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စိစစ်ဆောင်ရွက် ရန်လိုကြောင်း၊ လာမည့် Mini Budget တွင် ဆောင်ရွက်နိုင်သည်များကိုသာ  စီမံဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရပ်နားထားရသည့် လုပ်ငန်းများ၊ လူအင်အားဖြည့်တင်းရန် လိုအပ်ချက်များကို ပြန်လည်ဆန်းစစ်စေလိုကြောင်းနှင့် ဦးဆောင်ဝန်ထမ်းများ၏ ဦးဆောင်မှု၊ လူ့စွမ်းအား အရင်းမြစ်စီမံခန့်ခွဲမှု၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးနှင့်လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဦးစီးဌာနအလိုက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးရုံးများမှ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးကို ဇွန်လ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့ များတွင် (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jun2021

Source: MOSWRR

Sign Up

Upcoming Events