လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် (၄ .၅ .၂၀၂၁)ရက်နေ့ နေ့လည်(၁၄ ၀၀)နာရီ အချိန်ခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စျေးတန်းရပ်ကွက်အတွင်းရှိ အမိုးလန်နေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၅၅၀၀ိ/-)ကျပ် နှင့် ဝမ်မိုင်ရပ်ကွက်အတွင်းရှိ အမိုးလန်နေအိမ် (၁၉)လုံး၊ ပြိုလဲနေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၃၃၉၀၀ိ/-) ကျပ် ၊ လူ(၁၄)ဦးအတွက် ဆန်ဖိုး(၂၉၄၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၃)အိမ်ထောင်စာ (ပစ္စည်း(၆)မျိုးအား ငွေသား (၁၉၆၀၀ိ/-) ကျပ်ဖြင့်ထောက်ပံ့) ၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၂၈,၄၀၀ိ/-)ကျပ်အား (၁၁ .၅. ၂၀၂၁) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးဒုက္ခခံစားရသူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#shn_may2021
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events