ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမူဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၁.၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်းကျေးရွာ၊ ရွာမ ကျေးရွာနှင့် င်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ် (၅) လုံးအတွက်  အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀၀၀၀ဝ/-)၊ လူဦးရေ (၂၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၄၁၀ဝ/-)ကျပ်၊  စုစုပေါင်းရန်ပုံငွေ (၅၄၄၁၀၀/-) ကျပ်အား (၄.၁၂.၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_dec2020

Source:  ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events