အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်း

1 2 3

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို သိရှိဆောင်ရွက်နိုင်စေရန် အောက်ပါလက်ကမ်းစာစောင်များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်-

Sign Up

Upcoming Events