လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၆၂၀၀)ကျပ်အား ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၁၅-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)