COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ချောင်းငယ်အုပ်ချုပ်ရေးမှူး၊ ချောင်းကြီးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီမှ (၂၁:၃၀) နာရီထိ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ ချောင်းကြီးရပ်ကွက်နှင့် တံတားထိပ်၌ Covid-19 အသိပညာပေးခြင်း၊ ပိုစတာများဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များနှင့် mask များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events