COVID-19 ကူးစက်မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာနှင့် မုရောင်းကျေးရွာများသို့ COVID-19 ကူးစက်မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မိုးရာသီ ကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar
#mon_Jul2020

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events