ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များသို့ ရွှေ့ပြောင်းဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားများအတွက် ထောက်ပံ့ပေးမှုသတင်း

1 2 3 4 5

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များသို့ ရွှေ့ပြောင်းဝင်ရောက်လာသော အိမ်ထောင်စု (၇၃၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဘိုးငွေများထောက်ပံ့ပေးရန် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးသည် (၂၄-၆-၂၀၁၆) ရက်နေ့တွင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များသို့ စက်လှေဖြင့် ပစ္စည်းများတင်ဆောင်ကာ သွားရောက်ခဲ့ပြီး (၂၅-၆-၂၀၁၆) ရက်နေ့၊ နံနက် (၀၈:ဝ၀) နာရီအချိန်တွင် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အိမ်ထောင်စု (၆၆၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆၆၉) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဘိုးငွေကျပ် (၆၄၃၄၄၀၀) တို့ကို လည်းကောင်း၊ (၁ဝ:၁၅) နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အိမ်ထောင်စု (၇၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၇၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဘိုးငွေကျပ် (၇၃၇၁၀၀) တို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events