Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၇:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊‌ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ၊ကန်သာအေးကျေးရွာ၊ရွှေကျကျေးရွာ၊ရွှေတွင်းကုန်းကျေးရွာ၊သာယာစုကျေးရွာ၊အောင်ချမ်းသာကျေးရွာ၊ချောင်းဖျားကျေးရွာ၊ သာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၊အောင်သာကျေးရွာ၊မြဂနိုင်ကျေးရွာ၊ ဗောဓိမြိုင်ကျေးရွာ၊ပြည်စံအောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ပုပ္ပါးကုန်းရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events