တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

 

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၄-၃-၂၀၂၀)ရက် စစ်တွေမြို့၊ ဃောသိတာရုံဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၂)စု လူဦးရေ(၅)ဦး၊ အမျိုးသားကျောင်းတိုက်၌ အိမ်ထောင်စု(၃) စု လူဦးရေ(၇) ဦး၊ကယုချောင်းဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၁)စု လူဦးရေ (၃)ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၂)ပတ်စာအားလည်းကောင်း၊ ဆည်ကြီးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၅)စု လူဦးရေ(၂၂)ဦး တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာတစ်လစာ အားလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#rke_mar2020

Source:                       ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events