လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေပေါက်ကျေးရွာအုပ်စု၊ ရေပေါက်ကျေးရွာ၌ (၂၈-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်၌ ကျေးရွာနေပြည်သူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_feb2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)