မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

23 _ Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀) ရက်နေ့၊ (၇:၀၀) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင် ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှမီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာအား (၂၃-၂-၂၀၂၀) ရက်နေ့ (၁၂:၃ဝ) နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်-၂၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

#ha_fir
#bgo_feb2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events