မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_0123_Pic_02

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇) ရပ်ကွက် ဒုဌဝတီလမ်း ၊အမှတ်(၁၅/၁၅၃) နေ ဒေါ်နိုင်ဇင်ထွေး၏နေအိမ် မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတဆင့် (၂၁-၂-၂၀၂၀)ရက်နေ့ (၁၀:၂၀)နာရီချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်(၄)လုံးမီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၂) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင် စု (၉) စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၇,၂၀ဝ) ကျပ်၊ စု‌စုပေါင်းထောက်ပံ့ငွေကျပ် (၁,၄၆၇,၂၀ဝ) ကျပ်တို့အား အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဌတို့နှင့်အတူ (၂၂-၂-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_fir
#ygn_feb2020

Source: ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events