သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၂၀) ပြည့်နှစ်၊ (၁၃:၀၀) အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ထား၀ယ်မြို့၊ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့မှ ဖွင့်လှစ်သည့် အရေးပေါ်လူနာပြုစုသယ်ဆောင်သင်တန်း၌ သင်တန်းသား/သူ(၇၄)ဦးကို ဦးစီးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများ၊ သဘာ၀ဘေးအသိပညာပေး လုပ်ငန်းများ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေများကို ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#tny_feb2020

Sign Up

Upcoming Events