လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၂-၂၀၂၀)ရက်တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_feb 2020