လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mainly I Love Kids (MILK), Myanmar တို့အကြား ရခိုင်ပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မည့်သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ဇန်နဝါရီ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mainly I Love Kids (MILK), Myanmar တို့အကြား Dreams University စီမံကိန်း၏ ကနဦးဆောင်ရွက်မည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာလွှာ (Cooperation Agreement) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို တစိုက် မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးရရှိရန် မတူကွဲပြား သည့် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းတန်ဖိုးထားမှု၊ သာတူညီမျှသည့်အခွင့်အရေး များရရှိစေရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သည် ပြည်တွင်း၊ ပြည်ပမှအလှူရှင်များ၊ ဒေသ တွင်း နှင့်နိုင်ငံတကာအဖွဲ့အစည်းများ၊ကုလသမဂ္ဂနှင့်အိမ်နီးချင်းနိုင်ငံများမှ ငွေကြေးနှင့် နည်းပညာပံ့ပိုး ကူညီမှုများကိုရယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ပံ့ပိုးကူညီမှုများထဲတွင်Mainly I Love Kids သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး ပူးပေါင်းပံ့ပိုးပေးမှုကို အသိအမှတ်ပြုကျေးဇူးတင်ပါ ကြောင်း၊ ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် အားလုံး၏ ဆန္ဒ အမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်ပြသလျက်ရှိပါကြောင်း၊ အားလုံးတန်းတူညီမျှဖွံ့ဖြိုး တိုးတက် ရေးကြိုးပမ်းရာတွင် ဒေသခံများ၏ အရည်အသွေးကို တိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံ များကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သောအခြေအနေသို့ ရောက်အောင်ပံ့ပိုးကူညီရန်ဖြစ် ကြောင်း၊ အနာဂါတ်တာဝန်များကို လက်ဆင့်ကမ်းယူကြမည့် ယနေ့လူငယ်များ၏ အိပ်မက်များကို အကောင် အထည်ဖော်ပေးရန် လူငယ်များ၏ ပင်ကိုယ်စွမ်းရည်ပါရမီများကို အသိအမှတ်ပြု၍ အကောင်း ဆုံး အခြေအနေရောက်အောင် လက်တွေ့ကျကျပံ့ပိုး ကူညီရန်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရပ်များလေ့ကျင့်သင်ကြားပေးရေးပူးပေါင်ဆောင်ရွက်မည့်သဘောတူစာချုပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအား လူ့အဖွဲ့အစည်းအတွင်း ပိုမိုဝင်ဆံ့စေရေး၊ မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားတတ်စေရေး၊ လူမှုသဟဇာတဖြစ်စေရေးနှင့် အရည် အသွေးပြည့်ဝသည့် အနာဂါတ်လူငယ်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်သူများ ဖြစ်လာ စေရေးတို့အတွက် ပညာရေးအစီအစဉ်များ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မည့်သည့် နေရာတွင်မဆို ပြဿနာတစ်စုံတစ်ခုကြုံတွေ့ရပါက အားလုံးဝိုင်းဝန်းကူညီကြရမည်ဖြစ်ပါကြောင်း၊ ယင်းသည်ပင်လျင် လူ့အဖွဲ့အစည်း၏ စစ်မှန်သည့်အလှတရားဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့်လည်း UEHRD ကိုဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုးသည့် ဤစီမံကိန်းသည် UEHRD ၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအား လူ့အဖွဲ့အစည်းအတွင်း ပိုမိုဝင်ဆံ့စေရေး၊ မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားတတ် စေရေးနှင့် အရည်အသွေးပြည့်ဝသည့် အနာဂတ်လူငယ်ခေါင်းဆောင်များ ပေါ်ထွန်းစေရေးအတွက် ပညာရေးအစီအစဉ်များ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်နိုင်ရန် ရခိုင်ပြည်သူများပါဝင်ရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်များအတွက် ပညာ ရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူငယ်များအပါအဝင် ရပ်ရွာလူထုတစ်ရပ်လုံးက ပါဝင်ကြရန်လိုအပ်ပါကြောင်း၊ ပညာရေးသည် လူ့ အဖွဲ့အစည်း၏ အနာဂတ်ကို ပုံဖော်ပေးနိုင်ရန် အရေးကြီးသည့် ကိရိယာတစ်ခုဖြစ်သည့်အတွက် မိမိတို့ အနေဖြင့် ယခုစီမံကိန်းကို အထူးအလေးထား ဖော်ဆောင်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ များအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက် ရခိုင်ပြည်နယ်အစိုးရ၊ လွှတ်တော်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ Mainly I Love Kids (MILK), Myanmar အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူးMr. Tan PohLeng Stanley ကပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုစာလွှာလက်မှတ်ရေးထိုး ရသည့် အကြောင်းရင်းနှင့် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် Mainly I Love Kids (MILK), Myanmar အဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးMr. Tan PohLeng Stanley တို့က ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုစာလွှာကိုလက်မှတ်ရေးထိုး၍အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အစိုးရကိုယ်စားလှယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊UEHRD ဥက္ကဌ၏ အကြံပေး ပုဂ္ဂိုလ်၊ UEHRD၊ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ကြမည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_jan2020

Sign Up

Upcoming Events