မိုင်းထိပြည်သူအား ထောက်ပံ့မှုသတင်း

 

15_pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက( ၁၂- ၁ -၂၀၂၀) ရက်နေ့၊ (၀၃:၃၀) အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မိုင်းဆန်းမြိုင် ရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်အုန်းတင်သည် ဖာပွန်မြို့နယ်၊ ကန်ညီနောင်ကျေးရွာသို့ သွားရောက်၍ ဝါးခုတ်နေစဉ် မိုင်းဟောင်း(၁)လုံး နင်းမိပြီး ပေါက်ကွဲခဲ့ရာ ဒဏ်ရာရရှိခဲ့ပါ သည်။ အဆိုပါ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ(၁) ဦးအား ကရင်ပြည်နယ် လူမှုရေးဝန်ကြီး နှင့်အတူ (၁၄-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ထောက်ပံ့ငွေ(၅၀,၀၀ဝ) ကျပ်ကို ထောက်ပံပေးအပ်ခဲ့ ကြောင်းသတင်း ရရှိပါသည်။

#ha_otr

#krn_jan2020

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events