သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီချိန်မှ(၁၀:၃၀)နာရီချိန်အထိ ပူတာအိုမြို့နယ်၊ နမ်ရှယ်ကော့ကျေးရွာရှိ ကျေးရွာနေပြည်သူ(၁၂၀)ဦးခန့်ကို

မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ(ရေဘေး-မီးဘေး-လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#kcn_dec 2019

Sign Up

Upcoming Events