လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၁.၂၀၁၉) ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂:၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အ.လ.က(ခွဲ) (ဝင်းဖုန်း)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ် ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့်ပြည်သူလူထုအင်အား စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)