မီးဘေးအတွက် ထောက်ပံ့မှုသတင်း

17_Pic_01 17_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ကြေးတိုင်စု(၁) လမ်းတွင်(၁၆-၁၁-၂၀၁၉)ရက်နေ့ (၀၇:၅၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၄)ခန်းတွဲ (၂) ထပ်နှင့် ဘေးကပ်လျက် နေအိမ် (၂)လုံးတို့မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၆,၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၅)စု မှ လူဦးရေ (၂၄) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၅၀,၄၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၅)အိမ်ထောင်စုစာတို့ကို (၁၆-၁၁-၂၀၁၉) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_nov2019

Source:   ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events