လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_Pic_04

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၁၄-၁၀-၂၀၁၉) ရက်နေ့ ၌ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀) ကျပ်၊ ပြိုလဲနေအိမ်(၁) လုံးနှင့်အမိုးလန်နေအိမ် (၂) လုံးတို့ရှိ လူဦးရေ (၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၃၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာအား(၂၃-၁၀-၂၀၁၉) ရက်နေ့(၁၁:၃၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာ၀န်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_oct2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events