ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၁၉) ရက်နေ့တွင် ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တည်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနားတွင် ကျောင်းသူ/ကျောင်းသား (၁၀၀) ဦးခန့်နှင့် တက်ရောက်လာကြသောကော်မတီအဖွဲ့ဝင်တို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက် များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_eqk

#sgg_sep2019

Source:           ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events