ဒုတိယဝန်ကြီး ဦးစိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် ‘‘ UN-SPIDER ”ရုံး၏ (၁၀)နှစ်ပြည့်အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်

 

15_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်

စက်တင်ဘာလ (၁၁)ရက်နေ့ မှ(၁၂)ရက်နေ့အထိ ကျင်းပခဲ့သော

ပေကျင်းမြို့အခြေစိုက် UN_SPIDER ရုံး၏(၁၀)နှစ်ပြည့်

အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက်

အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း

မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ ပါသည်။

UN_SPIDER ရုံး၏ (၁၀)နှစ်ပြည့် အခမ်းအနားနှင့်

ညီလာခံဖွင့်ပွဲကို တရုတ်နိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာန၊

ဒုတိယဝန်ကြီး Mr.Zheng Guoguang မှ ဖွင့်လှစ်ပေးပြီး

ဒုတိယဝန်ကြီးဦးစိုးအောင်ကလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက်

အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အခမ်းအနားတက်ရောက်လာသော

အခြားကိုယ်စားလှယ်များနှင့်အတူ Mr.Zheng Guoguang နှင့်တွေ့ဆုံ၍

သဘာဝဘေးအန္တရာယ်လျာ့ပါးရေးဆိုင်ရာကိစ္စရပ်များ၊

အာကာသအခြေပြုနည်းပညာများအသုံးပြု၍ သတင်းအချက်အလက်ရယူရေး

ကိစ္စရပ်များတွင် မြန်မာ-တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊

တရုတ်-အာဆီယံ အစီအစဉ်နှင့် မဲခေါင်-လန်ချန်း အစီအစဉ်များ ခေါင်းစဉ်

အောက်မှပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွးနွေးခဲ့ပါသည်။

ထို့နောက် ညီလာခံသို့ တက်ရောက်၍ မြန်မာနိုင်ငံအနေဖြင့် UN-

SPIDER နှင့် ပူးပေါင်း၍ ဂြိုလ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing

)နှင့် ပထဝီဝင်သတင်းအချက် အလက်စနစ် (GIS ) တို့ကို ပေါင်းစပ်အသုံးချ

ဆောင်ရွက်နေမှုများ၊ ဆန်ဒိုင်းမူဘောင် လုပ်ငန်းစဉ် (၄)ရပ်င့်စပ်လျဉ်း၍

အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မူဝါဒပိုင်းဆိုင်ရာ

ပြုပြင်ပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက်

နည်းပညာများ တိုးတက်အသုံးချဆောင်ရွက်နေမှုများနှင့်

ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍

ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ညီလာခံသို့တက်ရောက်လာသော

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များတွင် လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်

ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် UN-SPIDER, Asian Disaster Preparedness

Centre (ADPC) ၊ Asian Disaster Reduction Centre (ADRC) တို့နှင့်လည်း

လုပ်ငန်းပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ထမ်းများ

စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များတွင်

ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍

International Charter, Space and Major Disasters အား တရားဝင်

အသုံးပြုခွင့်ရရှိထားပြီးဖြစ်ကာ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး

ဂြိုလ်တုများနှင့် အာကာသအခြေပြုသတင်းအချက် အလက်နည်းပညာများမှ တစ်ဆင့်

ရရှိလာသောသတင်းအချက်အလက်များကို သဘာဝဘေး

အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များတွင် ထည့်သွင်းအသုံးချ

ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

#hl_2

#npw_sep2019

Source:          MSWRR

စက်တင်ဘာ ၁၃၊ နပြည်တော်

Sign Up

Upcoming Events