လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန် တောင်းပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စုတွင်(၈-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာသွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်းနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ရာ မိသားစု(၁)စုမှ၊လူဦးရေ(၂)ဦးတို့လေဘေးဒုက္ခခံစားခဲ့ရပါသဖြင့် လေဘေး သင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄၀,၀၀ဝိ/-)၊လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)တို့အား စုစုပေါင်းထောက်ပံ့ငွေ(၄၄၂၀ဝိ/-)အား (၁၁-၉-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_sep2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)