သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း

 

 

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာတွင် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၇.၈.၂၀၁၉) ရက်နေ့(၀၈၀၀)နာရီမှ(၀၉၀၀)နာရီအချိန်တွင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများ စုစုပေါင်းအင်အား(၄၀၀)ကျော်တက်ရောက်ခဲ့ပြီး ကျေးရွာသူ/သားများအတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်(၁၂၅၀)ထုပ် ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#sgg_aug2019

Source:                 ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events