လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ၌ (၁၂-၈-၂၀၁၉) ရက်နေ့၊ (၁၈း၄၀)အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုး(၁၅)ချပ်လန်နေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကိုလည်းကောင်း၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၁၃-၈-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၆) စုမှလူဦးရေ (၁၉) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ် တို့ကိုလည်းကောင်း (၁၃-၈-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ha_rbe

#mgy_aug2019

Source:           ရေစကြိုမြို့နယ် ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events