မြစ်ရေကြီးခြင်း သတိပေးချက် (၂၁-၇-၂၀၁၉)

 

================================================

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်တိုင်းတာချက်

================================================

ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၁) ပေခွဲခန့်၊ မန္တလေးမြို့တွင် (၁၀) လက်မခန့်၊ စစ်ကိုင်းမြို့တွင် (၉) လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ရောက်ရှိနေပြီး

မြင်းမူမြို့တွင် (၂) လက်မခန့်၊ ကသာမြို့တွင် (၈) လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။

===============================================

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၉) လက်မခန့်ရောက်ရှိနေပါသည်။

===============================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အနီးနှင့် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည့် မြို့နယ်များရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့အကြောင်းကြားနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

 

 

 

Sign Up

Upcoming Events