တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

IMG-1e84646d3f757de92e2be6f256be734f-V IMG-2aff41008c0aac7acbb5adb32a640773-V (1) IMG-2aff41008c0aac7acbb5adb32a640773-V IMG-5be4cf1d15cf3c054d96af5076c9d56d-V IMG-6cf6e82490672500a61f35d56bbef2ce-V IMG-6f09b3898928000a7568050d6645103f-V IMG-9c9a473172c1f694b2c7a7b78772d9ee-V IMG-27ed7a9e7b4f3a56fe120c4e5999123c-V IMG-97baf2c84249f43e3b728d2b3ba9cb0f-V IMG-247a6404e13ec67a41d92d7a533c4a21-V IMG-418deb09b700e16bf4dc621f20adc989-V IMG-1500c8f518821de8380db069d9f725f1-V IMG-5464ff5ca2427587f0741f5554bb0af7-V IMG-63800d10d8a4498617ac811320d605e1-V IMG-670414da4c3a1b79654e117a8bcafa02-V IMG-a5e28b816a6d4b0217e5097dcd91db22-V IMG-b19d1390c5e7707cf6eeb3fec401b275-V IMG-c0ce39596eb837a2bddafb7412e53469-V IMG-ccfbc8a4d6ff9cca5a31988ae3748378-V IMG-e443a9bf87950f405c7280f6d813360c-V
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပွားလျက်ရှိရာ (၁၆-၇-၂၀၁၉) နေ့အခြေအနေအရ
– ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဆင်ဘို၊ ဝိုင်းမော်၊ တနိုင်း၊ ဆော့လော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များ၌ အိမ်ထောင်စု (၄၂၀၀) ကျော်၊ လူဦးရေ (၂၀၃၀၀) ဦးကျော်တို့အား ယာယီ ရေဘေးရှောင်နေရာ (၇၀) ကျော်နှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ထား ပါသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေဘေးရှောင်ပြည်သူများထံသွားရောက်၍ ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ စုစုပေါင်းဆန်ရိက္ခာဖိုးငွေကျပ်သိန်း (၃၅၀) ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
– အလားတူ ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်များ၌ အိမ်ထောင်စု (၁၄၀၀) ကျော်၊ လူဦးရေ (၉၄၀၀) ကျော်တို့အား Cyclone Shelter ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းစသည့် ယာယီရေဘေးရှောင်နေရာ (၅၀) ကျော်နှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ပြောင်းရွှေ့ထားပါသည်။ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၁) သိန်းကျော် ထောက်ပံ့ထားကြောင်း သိရှိရပါသည်။
– အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခန္တီး၊ ကသာ၊ ထီးချိုင့်မြို့နယ်များ၌ အိမ်ထောင်စု (၃၄၀) ကျော်၊ လူဦးရေ (၁၇၁၀) ကျော်တို့အား ယာယီရေဘေးရှောင်စခန်း (၉) ခုနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ထားပါသည်။ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅) သိန်းကျော် ထောက်ပံ့ထားကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများသည် ရေဘေးကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့ ကူညီမှုများကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့်ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန် ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြု လိုက်နာရန်နှင့် အကူ အညီလိုအပ်ပါက ဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source: Relief Section

#ha_fld
#july2019

Sign Up

Upcoming Events