ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်ကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် လိုက်လံကြည့်ရှု စာရင်းကောက်ယူမှုသတင်း

16 _ Pic _ 01 16_ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများသို့ လိုအပ်သည်များ ကူညီထောက်ပံ့ ပေးနိုင် ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ရေဝင်ရောက်သည့်ကျေးရွာများသို့ လိုက်လံကြည့်ရှုခြင်းနှင့် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#sgg_jul2019

Sign Up

Upcoming Events