မြစ်ရေကြီးခြင်းအခြေအနေသတင်း

==================================================
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန်တိုင်းတာချက်

==================================================

လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)ပေခန့် ရောက်ရှိနေပါသည်။

==================================================

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁) ပေခန့်တွင်ရောက်ရှိနေပြီး အခြားမြို့များဖြစ်သည့် ဗန်းမော်မြို့တွင် (၁) ပေခွဲခန့်၊ ရွေကူမြို့တွင် (၂) လက်မခန့်နှင့် ကသာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။

==================================================

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁) ပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင် (၃)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။

==================================================

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။

==================================================

ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။
==================================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အနီးနှင့် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည့် မြို့နယ်များရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events