လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်သဘာဝဘေးကော်မတီလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈.၆.၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ပိကာ ပြိုလဲခဲ့သော အိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်းနှင့် လူ (၅)ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀/-)ကျပ်တို့အား (၁၈.၆.၂၀၁၉) ရက်နေ့ (၁၃း၅၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_jun2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)