လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရှော်ချောင်းကျေးရွာအုပ်စု၊ ချမ်းအေးကျေးရွာ၌ (၁၁-၆-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိူးပါ ပလစ်စတစ် (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)ကျပ်l ဆန်ရိက္ခာဘိုး (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-) တို့အား မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများl လွတ်တော်ကိုယ်စားလှယ်l ရပ်/ကျေးစာရေးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂-၆-၂၀၁၉) ရက်နေ့(၁၁:၀၀) နာရီအချိန် တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jun2019

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events