မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့နေမှုသတင်း

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့၌ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆန်းလွှတ်ချက်တောင်၌ မြေပြိုသည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ သေဆုံးသူ (၂) ဦးအတွက် သေဆုံးထောက်ပံ့ငွေ ကျပ် (၆၀၀၀၀၀)/-နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအတွက် ထိခိုက်ဒဏ်ရာရရှိမှုထောက်ပံ့ငွေ ကျပ် (၁၀၀၀၀၀)/- စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၀၀၀၀၀/)-အား (၂၇ -၅ -၂၀၁၉)နေ့ တွင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူးရုံး၌ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ခေါင်လန်ဖူးမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_lsd

#kcn_may2019

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events