လေဘေးထောက်ပံ့မှုသတင်း

27 _ Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀/၂၁/၂၄-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၉) လုံးနှင့် အမိုးလန်နေအိမ် (၄၀) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၂၂၅၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၉) စုရှိ လူဦးရေ (၃၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၁၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၃၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (ပလပ်စတစ်ပုံး အပါ) (၉) အိမ်ထောင်စာအား (၂၆-၅-၂၀၁၉) ရက်နေ့ (၀၉:ဝ၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ ချင်းစုကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အုတ်ဖိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ လက်ဝယ်အရောက် သွားရောက် ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events