လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အတွင်း၌ (၂၀/၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲ နေအိမ် (၂၄) လုံးနှင့် အမိုးလန်နေအိမ် (၄၅၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀,၅၈၅,၅၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၆၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၃၄,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀,၇၁၉,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂၄) အိမ်ထောင်စာ တို့အား (၂၆-၅-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ မြသိန်း ရံစွယ်တော်မြတ်စေတီဓမ္မာရုံ၌ ဇီးကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့် ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#bgo_may2019

Sign Up

Upcoming Events