မီးဘေးထောက်ပံ့မှုသတင်း

16_Pic_05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၁၆-၅-၂၀၁၉) ရက်နေ့ နံနက် (၀၄း၂၅) အချိန်တွင် ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာအုပ်စု၊ လယ်ယာအရှေ့စုကျေးရွာ၊ မဟာဝိဇိတာရာမကျောင်းတိုက်တွင် မီးဘေးဖြစ်ပွားမှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် (၂) ဆောင် မီးဘေးသင့်ဆုံးရှုံးခဲ့သဖြင့် ကျောင်းဆောက် ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-) ကျပ် (ကျပ်ခြောက်သိန်းတိတိ) အား (၁၆-၅-၂၀၁၉) ရက်နေ့ နံနက် (၀၉း၃၀) အချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ဆောင်၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ခရိုင်သာသနာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျင်ရွှေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးဝင်း တို့နှင့်အတူ ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events