လေဘေးထောက်ပံ့မှုသတင်း

16 Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စု၊ အင်တိုင်း (အနောက်) ကျေးရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တာဝန်ကျ စာရေးဝန်ထမ်းတို့နှင့် အတူ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လုံးဝပျက်စီးနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိူး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၄၇၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း အမိုးလန်၊ ထရံကာပျက်စီးနေအိမ် (၇ ) လုံးမှ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၃၀၀၀၀၀ိ/-) ကျပ်တို့ကို (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။

#ha_sgw

#mdy_may2019

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events