မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈၄၅)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊  ကျေးရွာ(၁၈)ရွာတို့တွင်  ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဓမ္မာရုံ(၂)လုံးအတွက် (၁၀၀,၀၀၀)ကျပ်၊ ပြိုကျအိမ်ခြေ (၈)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၀၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၆,၈၉၀,၀၀၀)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇,၂၄၀,၀၀၀ )ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၈)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂၀၃)စုစာတို့အား (၁၉-၄-၂၀၁၉)ရက်နေ့ (၁၁၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events